Wednesday, May 27, 2009

၁၈။ စိတ်ဓာတ်ရင့်မာသူ

စိတ်ဓာတ်ရင့်မာသူ

လူတိုင်းလူတိုင်းပင် မိမိစိတ်ဓာတ် အတော်ရင့်မာပြီဟု ထင်တက်ကြလေသည်။ မိမိစိတ်ဓာတ် မည်မျှရင့်မာသည်ကို သေချာစွာ သိနိုင်ရန်အတွက် အောက်ပါ နည်းစံနစ်များဖြင့် စစ်ဆေးကြည့်ပါလေ။

၁။ အဆွေသည် သူတပါးကို ကူညီထောက်ပံ့တက်သလော။

၂။ အဆွေသည် လေးနက်သော အကြောင်းအရာများကို ဆွေးနွေးတက်သလော။

၃။ အဆွေသည် ငွေကို အကျိုးရှိအောင် သုံးစွဲတက်သလော။

၎။ အဆွေသည် အကျိုးရှိမည့် စိတ်ပျော်သော အလုပ်များကို လုပ်ကိုင်တက်သလော။

၅။ အဆွေသည် တိုးတက်ရေးအတွက် စာဘတ်ပါ၏လော။

၆။ အဆွေသည် အနာဂတ်အတွက် ငွေစုပါ၏လော။

၇။ အဆွေသည် အများ ကောင်းစားရေးအတွက် ထောက်ပံ့ပါ၏လော။

၈။ အဆွေသည် မိမိ၏ အလုပ် ကိစ္စများကို မိမိကိုယ်တိုင် စီစဉ်ပါ၏လော။

၉။ အဆွေသည် သူတပါးအားရှိအောင် အားပေးတက်ပါ၏လော။

၁၀။ အဆွေသည် အလုပ်လုပ်ရာ၌ ပင်ကိုယ်ဥာဏ်ကို သုံးပါ၏လော။

၁၁။ အဆွေသည် လူအများအတွက် အကျိုးရှိအောင် လုပ်နိုင်သည်ဟု စဉ်းစားပါ၏လော။

၁၂။ အဆွေသည် မိမိ၏ အလုပ်များကို အစွမ်းကုန် လုပ်ကိုင်ပါ၏လော။

၁၃။ အဆွေသည် သူတပါး၏ အလုပ်အကိုင်များကို စီစဉ်လုပ်ကိုင်ပေးတက်ပါသလော။

၁၄။ အဆွေသည် အများကောင်းစားရေးအတွက် ရှေ့ဆောင်လမ်းပြ ပြုလုပ်တက်ပါသလော။

ဤအချက် ၁၄ ချက်အနက် ၈-ချက်မျှ ပြည့်စုံလျှင် စိတ်ဓာတ် အတော်ရင့်မာပြီဟု ဆိုရပေမည်။

No comments:

Post a Comment