Thursday, May 21, 2009

၁။ စိတ်ကျန်းမာခြင်း

စိတ်ကျန်းမာခြင်း

စိတ်ကျန်းမာခြင်းဆိုသည်မှာ တည်ကြည်ခြင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ အပျက်ကိုမရှုဘဲ အဖြစ်ကိုသာ ရှုတက်ခြင်း စသည့်အရည်အချင်းများရှိခြင်းကို ဆိုလိုသည်။

ကျန်းမာသောစိတ်သည် အလုပ်၌ စိတ်ဝင်စား၏။ အလုပ်များကို လုပ်ကိုင်လို၏။ ခဲခက်သောအလုပ်များကို အောင်မြင်အောင် ပြုလုပ်လို၏။ အခွင့်အရေးကောင်းများကို အမြဲကြည့်ရှုရှာဖွေနေ၏။ အခွင့်ကောင်းများ ပေါ်ပေါက်လာသောအခါ ချက်ခြင်း ကိုင်ဖမ်းလို၏။ ကြီးကျယ်သောအလုပ်များကို စိတ်အားထက်သန်စွာ စဉ်းစားလုပ်ကိုင်လို၏။ စိတ်အမြဲတက်ကြွ၏။ ရှေ့ဆောင်လမ်းပြ လုပ်ကိုင်လို၏။ မိမိကိုယ်ကိုသာ မိမိအားကိုးလို၏။

ကျန်းမာသော စိတ်ဓာတ်သည် သည့်ခံလို၏။ သနားကြင်နာတက်၏။ ဖေါ်ဖေါ်ရွေရွေပြုလုပ်၏။ ညှာညှာတာတာပြောဆိုပြုလုပ်လို၏။

ဤအချက်များပြည့်ဆုံလျှင် အဆွေ၏ စိတ်သည် ရောဂါကင်းစင်သည်ဟု ယူဆပါလေ။ တခုခုချို့ယွင်းက စိတ်၌ရောဂါတခုခု စွဲကပ်နေပေလိမ့်မည်။ အထက်ပါအချက်များ အတော်များများချို့ယွင်းနေက စိတ်သည် အလွန် မကျန်းမမာ ဖြစ်နေလေပြီ၊ အထူးသတိထားပါလေ။

No comments:

Post a Comment