Wednesday, May 27, 2009

၉။ ရောတက်သူ

ရောတက်သူ

ဆီနှင့်ရေ ရောကြည့်ပါ။ တခုနှင့်တခု ရောစပ်ခြင်းမရှိဘဲ တခြားစီ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ဆီ နှင့် ရေ ရောမရသကဲ့သို့ လူအများနှင့် ရော၍မရသောလူပေါင်း အနည်းငယ်ရှိသည်။

တိရစ္ဆာန်များပင် တကောင်တည်း မနေတက်။ အပေါင်းအသင်း အဖွဲ့အစည်းနှင့် ရောနှောနေထိုင်လိုသော စိတ်ဓာတ်ရှိသည်။ လူများမှာလည်း အပေါင်းအသင်း အဖွဲ့အစည်းဖြင့် ရောနှောနေထိုင်လိုသော သတ္တ၀ါဖြစ်သည်။ သို့သော် တချို့လူများများသည် တိရစ္ဆာန် ထက်ပင် အောက်ကျနောက်ကျ ဖြစ်နေကြသည်။ လူအများနှင့် ရောနှောနေထိုင်တက်သော အလေ့မရှိ။

လူအများနှင့်ရောနှောမနေတက်သူကို ကမ္ဘာ့အပြင်ဘက်ကလူ ဟုခေါ်ကြသည်။ ကမ္ဘာ့အပြင်ဘက်ကလူ မဖြစ်အောင် လူတိုင်းကြိုးစားရပေမည်။ သို့မှသာ လူ့ဘ၀ နေရကျိုးနပ်ပေလိမ့်မည်။

ရောနှောတက်သူ ဖြစ်လိုက အောက်ပါအချက်များကို လိုက်နာသင့်၏။

၁။ လူအများက အလိုရှိသော လူကောင်းတယောက်ဖြစ်ပါစေ။

၂။ သူတပါးအား အမြဲသနား ကြင်နာတက်ပါစေ။

၃။ မိမိ၏ ပင်ကိုယ်ကောင်းသော သဘောထားကို မပြောင်းလဲပါစေနှင့်။

၎။ လူအများကို စိတ်ဝင်စားစွာ ကြည့်ရှုစဉ်းစား၍ ၎င်းတို့၏ စိတ်ဓာတ်သဘောကို နားလည်အောင်ကြိုးစားပါ။

၅။ အခြားသူများ ပျော်ရွှင်နေသည်ကို ၀မ်းမြောက်ပါ။

၆။ လူတိုင်းလမ်းမှန်ရောက်အောင် ဒုက္ခခံ၍ ကူညီပါ။

၇။ တကိုယ်ကောင်း မကြံပါနှင့်။

၈။ မည်သည့်အရာ ကိစ္စ၌မဆို ကိုယ်ချင်းစာတက်ပါစေ။

No comments:

Post a Comment