Tuesday, May 26, 2009

၇။ ကျွန်ုပ်၏ဆုတောင်း


ကျွန်ုပ်၏ဆုတောင်း


လောကတွင် လူ ၅ မျိုးရှိသည်။ ၎င်းတို့မှာ -

၁။ အလုပ် ရှောင်သူ
ထိုသူသည် အထက်လူကြီးများ မသိအောင် အလုပ် ခိုကပ်နေသူဖြစ်သည်။

၂။ အလုပ် အ,သူ
ထိုသူသည် မိမိ တကယ်နားမလည်သော်လည်း နားလည်သကဲ့သို့ ဟန်ဆောင် လုပ်ကိုင်နေသူဖြစ်သည်။

၃။ အလုပ် ပျင်းသူ
ထိုသူသည် အလုပ်လုပ်ရန် ပျင်းရိသောကြောင့် ဆင်ခြေအမျိုးမျိုး ပေးနေသူဖြစ်သည်။

၎။ အလုပ် လိမ်သူ
ထိုသူသည် အလုပ်တမှုးတန်လုပ်၍ တကျပ်တန်အခတောင်းတက်သော လူမျိုးဖြစ်သည်။

၅။ အလုပ် အားမကိုးသူ
ထိုသူသည် မိမိကိုယ်ကို မိမိအားမကိုးဘဲ သူတပါး၏ နှာခေါင်းနှင့်အသက်ရှူသော လူမျိုးဖြစ်သည်။

အဆိုပါ ရှောင်သူ၊ အ,သူ၊ ပျင်းသူ၊ လိမ်သူ၊ အားမကိုး သူများ၏ အကြားမှ တာဝန် ဟူသမျှကို ထမ်းရွက်ခြင်း၊ အလုပ်ကို မခိုမကပ် လုပ်ကိုင်ခြင်း၊ မိမိအလုပ်လုပ်သမျှနှင့် ထိုက်တန်သော အဖိုးအခကိုသာ တောင်းခြင်း၊ စိတ်ပျက်ခြင်း များကို တိုက်ခိုက်၍ စိတ်ပျော်ခြင်းများကို လက်ခံခြင်း စသော အရည်အချင်းများနှင့် ပြည့်စုံသည့် တကယ်အလုပ်သမားများ ပေါ်ပေါက်လာတက်လေသည်။

No comments:

Post a Comment