တိုးတက်ရေး ဒိုင်ယာရီ
တိုးတက်လိုသောသူများအတွက် ကျွန်ုပ်၏ တိုးတက်ရေး ဒိုင်ယာရီမှအောက်ပါ အချက်များကို ထုတ်နုတ်၍ လက်ဆောင်ပေးပါအံ့။ ဤအချက်များကို အဆွေ၏ ဒိုင်ယာရီ စာအုပ်တွင် ရေးကူးထားပါ။ အားလပ်သော အချိန်ရတိုင်း ဖွင့်၍ ဖတ်ပါလေ။
၁။ တိုးတက်လိုသော စိတ်ဓာတ်သည် လူတိုင်းအား ပန်းတိုင်သို့မရောက်ရောက်အောင် ဇွတ်အတင်း ခိုင်းစေလိမ့်မည်။
၂။ လူတိုင်းလူတိုင်း ရှေ့တိုးလျှင်တိုး၊ မတိုးလျှင် နောက်ဆုတ်ရမည်။ အထက်သို့ တက်လျှင်တက်၊ မတက်လျှင် အောက်ကျရမည်။ ဤကား သဘာဝဓမ္မ တရားအစစ်ဖြစ်သည်။
၃။ တယောက်ကောင်းသာ၊ ကိုယ်ဘို့ရှာ၊ သတ္တ၀ါအပေါင်း၊ ပျက်စီးကြောင်း ဆိုရိုးစကား ရှိသကဲ့သို့ မိမိကိုယ်ကို မိမိသနားတက်သူသည် သူတပါးအပေါ်၌ ရက်စက်တက်သည်။
၎။ လူတယောက်သည် မိမိစိတ်ကို မိမိမထိန်းနိုင်ဘဲ စိတ်လိုက်မာန်ပါ ပြုလုပ်က အရူးဖြစ်တက်လေသည်။
၅။ လူလိမ္မာဆိုသည်မှာ မိမိ၏အမှားကို အမှန်ဖြစ်အောင် ပြုလုပ်တက်သောသူဖြစ်သည်။
၆။ လူတိုင်းလူတိုင်းအား "ကိုယ့်ဒူးကိုယ်ချွန်ဖြစ်အောင်" ကူညီခြင်းသည် အကောင်းဆုံးကူညီခြင်း ဖြစ်သည်။ (ကိုယ့်ကိုယ်ကိုကိုး) ဆိုသော (က) ၄-လုံးနှင့် ကူညီခြင်းမျိုး ဖြစ်သည်။
၇။ သတ္တိသည် ကြောက်ရွံ့သူများအား နှိပ်စက်နေသော အရာဟူသမျှကို နိုင်နင်းစွာ တိုက်ခိုက် သုတ်သင်နိုင်ကြောင်း ယုံကြည်ပါ။
Wednesday, May 27, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment