တိုးတက်အောင်လုပ်ပါ
တနှစ်ထက်တနှစ် တိုးတက်အောင် မလုပ်နိုင်သောလုပ်ငန်းရှင် အမြောက်အများကို တွေ့ရသည်။ တခါလာလဲ မဲပြာပုဆိုး ဖြစ်နေသောလုပ်ငန်းရှင်များ ပေါများလှ၏။ ဤလုပ်ငန်းရှင်များမှာ ဟိုနေရာဒီနေရာ၌သာ အနည်းငယ်တိုးတက်၍ လုပ်ငန်းတစ်ခုလုံးမှာ တိုးတက်ခြင်း မရှိတက်ချေ။ ၎င်းတို့၏ ယခုအနေသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က အခြေအနေနှင့် ကွဲပြားခြင်းမရှိ။ အတူတူပင်ဖြစ်နေတက်ကြ၏။
"ကျွန်ုပ်တို့စသောနေရာက ရှေ့ကိုတိုးကြလော့" ဟုကြွေးကြော်သံ ကြားရတိုင်း အဆိုပါ လုပ်ငန်းရှင်များကိုသတိရမိသည်။
လုပ်ငန်းရှင်တိုင်းပင် တိုးတက်ရေးအတွက် မှန်းထားချက်ရှိရမည်။ လွန်ခဲ့သောနှစ်က ငွေ ၂၀၀၀၀ ၀င်အံ့။ ယခုနှစ်တွင် ငွေ ၂၅၀၀၀ ၀င်အောင်လုပ်မည်ဟု မှန်းထားချက်ထားရမည်။
နှစ်စဉ်နှစ်စဉ် အနည်းငယ်မျှ တိုးတက် ချဲ့ထွင်ခြင်း မရှိပါက အလုပ်လုပ်ရခြင်း၏ အကျိုးရှိမည် မဟုတ်။ မတိုးတက်ခြင်းသည် အဆွေတွင် ချို့ယွင်းချက်ရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အလုပ်ကျွမ်းကျင်သောသူတဦးအား တိုးတက်အောင် ပြုလုပ်ပေးရန် ပင့်ဘိတ်၍ အကူအညီတောင်းပါလေ။
နှစ်စဉ်ဝင်ငွေနှင့် ထွက်ငွေ စာရင်း ပြုလုပ်ထားပါလေ။ တနှစ်ထက်တနှစ် ၀င်ငွေမတိုးခဲ့သော် အဆွေတွင် ထိုးထွင်းသောဥာဏ်နှင့် စိတ်အားထက်သန်ခြင်း မရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ စသောနေရာမှ ရှေ့သို့ တိုးတက်စေလိုသော လုပ်ငန်းရှင် တဥိးသည် နှစ်စဉ်အနည်းနှင့်အများ တိုးတက်အောင် ကြိုးစားရမည်။ မကြိုးစားက တနှစ်နှစ်တွင် အကြပ်အတည်း မုချတွေ့ရပေလိမ့်မည်။

No comments:
Post a Comment