မော်တော်ကားတိုင်း၌ ရှေ့မီးနောက်မီးနှစ်မျိုးရှိသည်။ ထို့အတူပင်
အဆွေ၌လည်း ရှေ့မီးနောက်မီးနှစ်မျိုးရှိသည်။ အဆွေ၏မီးပွင့်နှင့်ပက်သက်၍
အချိန်အနည်းငယ်အကုန်ခံကာ စဉ်းစား ဆင်ခြင်ပါလေ။
အဆွေ၏ ရှေ့မီးဆိုသည်မှာ ဦးနှောက်နှင့် သက်ဆိုင်သည့် စဉ်းစားဥာဏ်
ဖြစ်သည်။ အဆွေ၏ နောက်မီး ဆိုသည်မှာ မှတ်ဥာဏ်ကောင်းခြင်းကို ဆိုလိုသည်။
လူတယောက်သည် စဉ်းစားဥာဏ်ကို အသုံးပြုတိုင်းပြုတိုင်းပင် အနာဂတ်
ကိစ္စနှင့်ပက်သက်၍ ဆက်သွယ်နေသည်ဟု ဆိုရပေမည်။ လူတယောက်သည် လွန်ခဲ့သော
အဖြစ်အပျက်များကို အမှတ်ရအောင် ပြုတိုင်းပြုတိုင်း အတိတ်ကိစ္စနှင့်ပက်သက်၍
ဆက်သွယ်နေသည်ဟုဆိုရပေမည်။
ရှေ့မီးဟူသော စဉ်းစားဥာဏ်သုံးတက်သူသည် ရှေ့သို့ ချီတက်ရန်
အမြဲကြံဆနေသူအစစ်ဖြစ်၏။ နောက်သို့လှည့်ကြည့် နေသူမဟုတ်။ တိုးတက်ရေး၌
ခေါင်းဆောင်နေသူများသည် "ရှေ့မီး" ကို အမြဲသုံးစွဲ နေသူများသာဖြစ်သည်။
နောက်မီးတခုတည်းကိုသာ အမြဲသုံးစွဲ နေသော လူသန်းပေါင်းများစွာရှိလေသည်။
ထိုသူများကား ပိုးစုန်းကြူးနှင့်တူသည်။ ပိုးစုန်းကြူးသည် တောက်ပသော်လည်း
စိတ်ကူးတက်သော သတ္တ၀ါ မဟုတ်။ နောက်မီးတခုတည်းဖြင့်သာ လှည့်လည်
ပျံသန်းနေခြင်းမျှသာဖြစ်သည်။
လူတယောက်သည် လုပ်နေကျ အလုပ်တခုကိုဖြစ်စေ၊ လွယ်ကူသောအလုပ်ကိုဖြစ်စေ
လုပ်ကိုင်နေက နောက်မီး တခုတည်းသာ လိုပေလိမ့်မည်။ (၀ါ) လွန်ခဲ့သော
ကိစ္စများကို မှတ်မိရန် အရေးကြီးပေလိမ့်မည်။
သို့သော် အရေးကြီးသော အလုပ်ကြီးများကိုဖြစ်စေ၊ အလုပ်သစ်
အလုပ်ဆန်းများကိုဖြစ်စေ လုပ်ကိုင်ရာ၌ နောက်မီးတခုတည်းနှင့် မလုံလောက်၊
ရှေ့မီးပါ ပါရလိမ့်မည်။ (၀ါ) မှတ်မိရုံနှင့် မပြီး၊ စဉ်းစားခြင်းကိုပါ
အသုံးပြုရပေလိမ့်မည်။
လူတိုင်းလူတိုင်းအား အောင်မြင်စေသည်မှာ နောက်မီးမဟုတ်။
ရှေ့မီးသာဖြစ်ကြောင်း အမြဲသတိရပါစေ။

No comments:
Post a Comment