သိအောင်ကြိုးစား
ကျွနုပ်မသိသော အရာဝတ္ထုတခုကို အဆွေနားလည်အောင် ရေးသားဖေါ်ပြရမည်ဆိုက အချိန်များစွာ ကုန်ပေလိမ့်မည်။ ထို့အတူအဆွေနားမလည်သော အလုပ်တခုကို အဆွေလုပ်ကိုင်ရက အချိန် အတော်ကြာမှ ပြီးပေလိမ့်မည်။
အဆွေ့စိတ်ထဲ၌ မသဲမကွဲဖြစ်နေသော အကြောင်းတရပ်ကို အဆွေ့စိတ်ထဲ၌ ထင်ရှားသဲကွဲလာအောင် ပြောဆိုရက စကားလုံးပေါင်းများစွာလိုပေလိမ့်မည်။ ထို့အတူ အဆွေ့စိတ်ထဲ၌မသဲကွဲသော အလုပ်တခုကို လုပ်ကိုင်ရက အဆွေ့မှာ မရေတွက်နိုင်သော ကြိုးစားမှုများကိုပြုလုပ်ရပေလိမ့်မည်။
အဆွေ၏ဦးနှောက်သည် ရှုပ်ထွေးသော အရာများကို လက်ခံတက်သော သဘောမရှိ၊ ဥာဏ်ဦးနှောက်၌ စွဲမြဲစေလိုက မည်သည့်အရာကိုမဆို၊ မည်သည့်အလုပ်ကိုမဆို ရှင်းလင်း၊ ပြတ်သားစွာ နားလည်အောင် ကြိုးစားရပေလိမ့်မည်။
မည်သည့်ပြဿနာမျိုးမဆို ဖြေရှင်းတော့မည်ဆိုက ၎င်းပြဿနာကိုသေချာစွာ မသိ သိအောင် ပြုလုပ်ရမည်မှာ လူတိုင်း၏ တာဝန်ဝတ္တရားဖြစ်သည်။ ပြဿနာတခုကိုသူတပါးနားလည်အောင်ပြောဆိုရခြင်းသည် အလွန်ကြီးလေးခက်ခဲသော အလုပ်တခုဖြစ်၏။
ထို့ကြောင့်နားမလည်သောအလုပ်တခုကို လုပ်တော့မည်ဆိုက ပထမဦးစွာ မိမိနားလည်အောင်လုပ်ရမည်။ ၎င်းနောက်သူတပါးနားလည်အောင်ပြောပြတက်ရမည်။ သို့သော် နှစ်မျိုးလုံးကိုတချိန်တည်းမပြုလုပ်ရ။
အလုပ်တခုခုကို လုပ်တော့မည်ဆိုက ၎င်းအလုပ်၌ စိတ်ဝင်စားရမည်။ အသေးစိတ်လေ့လာရမည်။ အဆွေ၏စိတ်၌ရှင်းလင်းပြတ်သားစွာ ထင်မြင်လာအောင် အာရုံစူးစိုက်ရမည်။
မိမိမသိ နားမလည်သော အလုပ်ကို သိအောင်လုပ်တက်ခြင်းသည် အရေးကြီးလှပေ၏။
Sunday, June 14, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment